ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြား အချိန်ဘယ်လောက်ခြားသင့်လဲ

ရေးသားသူ : MATE မျိုးဆက်ပွားကျန်းမာရေး

မင်္ဂလာပါ ‘ မိတ် ’ မျိုးဆက်ပွားကျန်းမာရေးမှကြိုဆိုပါတယ်

မေမေတို့ရေ…ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြားလုံလောက်တဲ့အချိန်တစ်ခုခြားတာက မေမေတို့ကျန်းမာရေး အတွက်ရော သားသားမီးမီးတို့ရဲ့ ကျန်းမာရေးရော အနာဂတ်ဘဝလေးတွေရောအတွက် အရမ်းအရေးကြီးပါတယ်။ ကလေးမွေးပြီးနို့တိုက်မိခင်မိခင်တွေမှာဆိုရင် အာဟာရဓါတ်တွေ အထူးသဖြင့် သံဓါတ်၊ ဖောလစ်ဓါတ်တွေ (iron, folate) စတာတွေကို လုံလောက်အောင် ခန္ဓာကိုယ်က ပြန်လည်မဖြည့်တင်းနိုင်သေးပါဘူး။ နောက်တစ်ကြိမ်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့ သားအိမ်အနေထား မျိုးပွားစနစ်အနေအထား ကောင်းကောင်းမွန်မွန် ဖွံဖြိုးဖို့ကို လုံလောက်တဲ့အချိန်ပေးသင့်ပါတယ်။ နောက်ပြီးကိုယ့်ရဲ့သားသားမီးမီးလေးကို သေချာ ပြုစုပျိုးထောင်ပေးဖို့ ဂရုစိုက်ပေးဖို့ဆိုရင် သားသားမီးမီး၂ယောက် အသက်အရမ်းနီးကပ်နေမယ် ဆိုရင်လည်းအဆင်မပြေတာမျိုးတွေဖြစ်နိင်ပါတယ်။

ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြားအချိန်ဘယ်လောက်ခြားသင့်လဲ ???
ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြား အနည်းဆုံး ၂နှစ်ခြားသင့်ပါတယ်။ ၅နှစ်ထက်လဲပိုမခြားသင့်ပါဘူး။ အသက်၃၅နှစ်ကျော်တဲ့အမျိုးသမီးတွေဆိုရင်တော့ ၂ နှစ်လောက်မခြားချင်ရင်တောင် ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြား အနည်းဆုံး ၁နှစ်ခြားသင့်ပါတယ်။

ကိုယ်ဝန်၂ခု နီးကပ်လွန်းရင်ဘာတွေဖြစ်နိုင်လဲ ???
– နေ့မစေ့လမစေ့ဘဲကလေးစောမွေးခြင်း
– ကလေးပေါင်ချိန်မပြည့်ခြင်း
– ကလေးမမွေးခင်အချင်းကြိုကွာခြင်း
– ကလေးမွေးရာပါချို့ယွင်းခြင်းချက်ရှိခြင်း
– စိတ်ကစဉ့်ကလျားရောဂါ (schizophrenia)

ကိုယ်ဝန် ၂ခု အရမ်းဝေးလွန်းရင်ရောဘာတွေဖြစ်နိုင်လဲ ???
ကိုယ်ဝန်ဆောင်ချိန်သွေးတိုးတာမျိုး ကိုယ်ဝန်ဆိပ်တက်တာမျိုး ဖြစ်နိုင်ချေပိုများပါတယ်။

မ ွ်ေဝမည္
  •  
  •  
  •