ကွီးတို့ ညေးတို့ တိုးတိုးတိတ်တိတ် မေးနေတာတွေ

ရေးသားသူ : MATE မျိုးဆက်ပွားကျန်းမာရေး

‘ကွီးတို့ ညေးတို့ တိုးတိုးတိတ်တိတ် မေးနေတာတွေ’

 

ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာသည်နှင့်အမျှ အသစ်အဆန်းများစွာကို ဖန်တီးလာနိုင်ကြသည်။ လူတို့အတွက်ကောင်းကျိုးပေးနိုင်သော တီထွင်မှုများရှိသလို အန္တရာယ်ပေးနိုင်သော နည်းလမ်းများလည်း ထွက်ပေါ်လာပါသည်။

အဆိုပါနည်းလမ်းများတွင် လိင်အင်္ဂါတွင်းသို့ ကိရိယာများ၊ ဓာတုပစ္စည်းများထည့်ပြီး ပျော်ရွှင်ကျေနပ်မှုကိုခံစားြခင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်လာပါသည်။ အမျိုးသားလိင်တံထဲသို့ ပစ္စည်းအမျိုးမျိုးထည့်သွင်းကြသည့်အနက် liquid paraffin အရည်၊ အဆီရည် (mineral oil) ၊ ဆီလီကွန်၊ ပလတ်စတစ် သို့မဟုတ် သတ္တုအချောင်းတို့ အသုံးများကြပါသည်။ ထိုသို့အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအကြောင်း ဖော်ပြပေးလိုပါသည်။


လိင်အဂါၤနှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်နိုင်သည့်ရောဂါများ?

အမျိုးသားလိင်တံထဲသို့ Liquid paraffin, mineral oil, ဆီလီကွန် ထည့်သွင်းသောကြောင့် ပိုးဝင်နိုင်သည့်အပြင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က ထိုပစ္စည်းကို ပြန်လည်ခုခံခြင်းကြောင့် Paraffinoma , Granuloma ဟုခေါ်သည့် အလုံးအကျိတ်များ လိင်တံတွင်း (သို့) အနီးတဝိုက်တွင်ပေါ်လာပါသည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် နာကျင်ခြင်း၊ ဆီးကောင်းကောင်းမသွားနိုင်ြခင်း၊ လိင်ဆက်ဆံရန်စိတ်မဝင်စားတော့ခြင်း၊ လိင်တံကောင်းကောင်းမထောင်မတ်နိုင်ခြင်း ဖြစ်လာပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းနိုင်ပါသည်။

ပိုးဝင်ပြီး အနာပေါက်ရာမှ fistula ဟုခေါ်သော ပြင်ပအရေပြားနှင့်လိင်အဂါၤ ဆက်သွယ်တဲ့လမ်းကြောင်းဖြစ်ေပါ်လာပြီး လိင်အင်္ဂါမှသားနံရည်များ အပြင်သို့ယိုစီးသဖြင့် အနာမကျက်ခြင်း၊ လိင်စွမ်းဆောင်မှုကျဆင်းခြင်းဖြစ်တတ်ပါသည်။ ပစ္စည်းထိုးသွင်းရင်း သွေးကြောလေးများပေါက်ကာ သွေးခဲ (haematoma)ဖြစ်နိုင်သည့်အြပင် သွေးထဲပိုးဝင်ပြီး သွေးဆိပ်တက်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။

ဆီလီကွန်ထည့်သောသူများတွင် ဆီလီကွန်နေရာရွေ့နိုင်ခြင်း၊ ရောင်ရမ်းခြင်း၊ လိင်တံပုံပျက်သွားခြင်းတို့ ဖြစ်နိုင်ပါသည်။ ဒါ့အပြင် Penile adornment လို့ခေါ်တဲ့ လိင်တံအရေပြားအောက်တွင် ဓာတုရည်ပါဝင်တဲ့အလုံးကလေးများထည့်ပြီး လိင်ဆက်ဆံမှုကြောင့် ကြောက်မက်ဖွယ် လိင်တံကင်ဆာအထိဖြစ်ပွားနိုင်ကြောင်း သိရှိရပါသည်။ ထို့ပြင် Fat grafting ဟုလူသိများသော ဗိုက်မှအဆီကို လိင်တံထဲသို့အစားထိုးပြောင်းရွှေ့ထည့်ပြီး လိင်တံအရွယ်အစားကြီးလာအောင် ခွဲစိတ်ပြုပြင်ကြရာမှ အချိန်ကြာလာသောအခါ အဆီများ ခဲသွားပြီး လိင်တံမှာ အဖုအကျိတ်များထွက်လာခြင်း၊ လိင်တံ မဖြောင့်တော့ဘဲကွေးကောက်လာြခင်းကြောင့် လိင်တံထောင်မတ်ရန်ခက်ခဲပြီး စိတ်ကျေနပ်မှုမရရှိနိုင်ခြင်း ဖြစ်တတ်ပါသည်။

 

ခန္ဓာကိုယ်အခြားနေရာများတွင် ဖြစ်ပေါ်နိုင်သည့်ရောဂါများ?

လိင်တံအတွင်းသို့ ပစ္စည်းများထည့်သွင်းရာမှ ထိုပစ္စည်းပြုတ်ထွက်ပြီး သွေးပြန်ကြောထဲရောက်ကာ ထိုမှတဆင့် ကိုယ်တွင်းရှိအခြားအစိတ်အပိုင်းများသို့ရောက်ရှိနိုင်ြခင်း၊ ထိုသို့ရောက်ရှိကာ သွေးပို့ဆောင်မှုနည်းပါး ပိတ်ဆို့စေခြင်း၊ ပိတ်ဆို့ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးပြီး ပုပ်နိုင်ခြင်းအပြင် နောက်ဆုံး သေဆုံးသည်အထိဖြစ်နိုင်ပါသည်။ ပင်မသွေးပြန်ကြောထဲရောက်သွားလျှင် နှလုံးကိုဖြတ်ပြီး အဆုတ်သွေးလွှတ်ကြောထဲရောက်ကာ ရုတ်တရက်အမောဖောက်၊ သွေးအန်ပြီး သေဆုံးတတ်ပါသည်။

ထိုမျှသာမက အမျိုးသားလိင်တံအရေပြားအောက်တွင်ထည့်သွင်းသည့် ပလတ်စတစ်၊ သတ္တုချောင်းများကို မျှဝေသုံးစွဲခြင်းကြောင့် ခန္ဓာကိုယ်မှထွက်သောအရည်များမှတဆင့် အသည်းရောင်အသားဝါ ဘီပိုး နှင့် ခုခံအားကျဆင်းမှုရောဂါ (HIV)ပိုးတို့ ကူးစက်နိုင်ပါသည်။

ယခုကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးအန္တရာယ်များကို သဘောပေါက်နားလည်ထားခြင်းဖြင့် မိမိကိုအန္တရာယ်ဖြစ်စေသည့် ပစ္စည်း၊ ကိရိယာများသုံးစွဲခြင်းကို ရှောင်ရှားနိုင်ကြမည်ဖြစ်ပါသည်။

 

Dr. KK

ကိုယ်ဝန်ဆောင် နဲ့ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ အမြဲဖတ်ရှုနိုင်အောင် MATE – မိတ် မျိုးဆက်ပွားကျန်းမာရေး page ကို Like and see first လုပ်ထားဖို့ မမေ့နဲ့နော့်။
.
Comment boxမှာဖြစ်စေ၊ Chat Box မှာဖြစ်စေ၊ Hot Line (၀၉ ၄၃ ၁၁၁ ၀၀၀) ကို ဖုန်းဆက်ပြီးဖြစ်စေ ဆရာဝန်၊ ဆရာမတွေနဲ့ အခမဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလို့လည်း ရတယ်နော် ။
.
တနင်္လာ ကနေ သောကြာ မနက် ၉း ၃၀ ကနေ ၄ နာရီ အထိ ပြန်ဖြေပေးပါတယ်။

မ ွ်ေဝမည္
  •  
  •  
  •