ကိုယ်ဝန်ဆောင်နှင့် အလှအပ

ကိုယ်ဝန်ဆောင်နှင့် အလှအပ September 13, 2018 ကိုယ်ဝန်ဆောင်နဲ့ဗိုက်ကြောပြတ်ခြင်း

“ကိုယ်ဝန်ဆောင်နဲ့ဗိုက်ကြောပြတ်ခြင်း”   အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ စိတ်အညစ်ရဆုံးထဲမှာ ဗိုက်ပူတာ၊ ကိုယ်အလေးချိန်တိုးလာတာနဲ့ ဗိုက်ကြောပြတ်တာပါပဲ။ ဗိုက်ကြောပြတ်တယ်ဆိုတာ ဘာလဲ? သိပ္ပံနည်းကျ ဆေးပညာအရ တိတိကျကျပြောရရင် ကျွန်မတို့အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေထက် အဆီပိုများပါတယ်။ နောက်ဟိုမုန်းlevel ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အလေးချိန်အတက်အကျ မြန်တာ၊ ဟိုမုန်းlevel မညီမျှတာမျိုးမှာဆိုရင် ခုလိုဗိုက်ကြောပြတ်တာဖြစ်တတ်ပါတယ်။ တိတိကျကျပြောရရင် အကြောပြတ်တာပေါ့။ ဗိုက်မှာတင်မဟုတ်ဘဲ အဆီရှိတဲ့နေရာ ဥပမာ လက်မောင်း၊ နောက်ကျော၊ တင်ပါးနဲ့ ပေါင်တို့မှာလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မှမဟုတ်ဘူး၊ အမျိုးသားအမျိုးသမီး အားလုံးဖြစ်တတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ ပိုဖြစ်တတ်တာပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာ ပိန်လိုက်ဝလိုက် အပြောင်းလဲအမြန်ကြီး ဖြစ်တဲ့အခါမှာ ကျွန်မတို့အရေပြားက လိုက်ညှိချိန်အလုံလောက် မရတော့ပါဘူး။ အဲ့အခါမှာ ခုလိုဗိုက်ကြောပြတ်တာ၊ အကြောပြတ်တာမျိုးဖြစ်လာတာပါ။ အနီးစပ်ဆုံးဥပမာပေးရရင် သားရေကွင်းတစ်ကွင်းကို အဆုံးထိဆွဲဆန့်ပြီးသွားတဲ့အခါ သားရေကွင်းက သူဆန့်နိုင်ကျုံ့နိုင်တဲ့ပမာဏကို …

ကိုယ်ဝန်ဆောင်နှင့် အလှအပ September 6, 2018 ကိုယ်ဝန်ဆောင်ချိန်မှာဆံပင်ဆေးဆိုးလို့ရနိုင်လား

“ကိုယ်ဝန်ဆောင်ချိန်မှာဆံပင်ဆေးဆိုးလို့ရနိုင်လား”   ကိုယ်ဝန်ဆောင်ချိန်မှာဆံပင်ဆေးဆိုးရင် သန္ဓေသားကိုထိခိုက်တယ်ဆိုတာမျိုးအတိအကျဖော်ပြထားတဲ့ လေ့လာစမ်းစစ်ချက်မျိုးတော့ မရှိသေးပါဘူး။ ဆံပင်ဆိုးဆေးထဲမှာပါတဲ့ ဓာတုပစ္စည်းအနည်းငယ်လောက် ကိုတော့ဦးရေပြားက စုပ်ယူနိုင်ပါတယ်။ ဘယ်လောက်ပဲသဘာဝပစ္စည်းတွေကိုသုံးထားတယ်လို့ပြောပြော ဓာတုပစ္စည်းကတော့ အနည်းနဲ့အများပါပါတယ်။ ဘယ်လိုပါဝင်ပစ္စည်းတွေက သန္ဓေသားကိုထိခိုက် နိုင်သလဲဆိုတာကိုတော့ သုတေသနတွေလုပ်နေတုန်းပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်လုံးဝ ဆံပင်ဆိုးလို့မရဘူးတော့ တရားသေပြောလို့မရပါဘူး။ ရှောင်နိုင်ရင်တော့ ကလေးအတွက်စိတ်အချရဆုံးပါပဲ။ မိခင်မှာလဲ ကိုယ်ဝန်ကြောင့် ပြို့ချင်၊ အန်ချင်တာတွေဖြစ်နေတဲ့အချိန် ဆံပင်ဆိုးဆေးအနံ့ပြင်းပြင်းတွေကလဲ ရောဂါကိုပိုဆိုသွားနိုင်ပါတယ်။   အကယ်လို့ မဖြစ်မနေ ဆံပင်ဆိုးကို ဆိုးချင်ပါတယ်ဆိုတဲ့သူတွေ အနေနဲ့တော့ ဒီ အချက်လေးတွေသတိထားဖို့လိုပါတယ်။ ၁) ကလေးရဲ့အင်္ဂါအစိတ်အပိုင်းတွေကောင်းကောင်းဖွံဖြိုးပြီးတဲ့အချိန်စောင့်ပါ။ ကိုယ်ဝန်ပထမ ၃လမှာတော့မဆိုးသင့်ပါဘူး။ ၃လကျော်တဲ့အထိစောင့်ပါ။ ၂) ဦးရေပြားကို ဓာတုပစ္စည်းထိတာနည်းအောင် ဆံပင်ကို တစ်ခေါင်းလုံးဆိုးတာမျိုးမဟုတ်ဘဲ အဖျားလေးတွေပဲဆိုးတာမျိုး ၊ highlight ဖောက်တာမျိုး လောက်ပဲ စိတ်အဆာပြေလုပ်ပါ။ ဆံပင်ဆိုးဆေးကိုလဲ ဦးရေပြားပေါ်မှာ …

Load More