အမ်ိဳးသားက႑

အမ်ိဳးသားက႑ October 2, 2018 ကွီးတို့ညေးတို့လွဲနေသမျှ

‘ကွီးတို့ညေးတို့လွဲနေသမျှ’   ဒီနေ့မှာတော့ အမျိုးသားတွေနဲ့ပတ်သက်တဲ့ မျိုးဆက်ပွားကျန်းမာရေး အကြောင်းအရာတရပ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒါကတော့ အမျိုးသားအင်္ဂါနဲ့ ပတ်သက်ပြီး အမျိုးသားအများစု ယုံကြည်လက်ခံထားတဲ့ လွဲမှားတဲ့အယူအဆများစွာကို အသိပညာပေးရှင်းလင်းသွားမှာဖြစ်ပါတယ်။ (၁) တကိုယ်ရည်အာသာဖြေခြင်းဖြင့် အမျိုးသားအင်္ဂါ အရွယ်အစားပိုမိုကြီးမားနိုင်တယ်။ အမှန်ကတော့ မိမိဘာသာမိမိအာသာဖြေခြင်းကြောင့် လိင်တံ အရွယ်အစားကြီးမားရှည်လျားမည် မဟုတ်ပေ။ သိပ္ပံပညာရှုထောင့်အရ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်အနေဖြင့် တစ်နေ့ တစ်ကြိမ် အာသာဖြေခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း လက်ခံထားပြီးဖြစ်သည်။ သို့သော် တစ်နေ့လျင် နှစ်ကြိမ်ထက် ပိုပြီး အာသာဖြေဖြစ်လျင် အိပ်ရာပေါ်၌ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမရှိသလို အိမ်ထောင်ရေးသုခ လည်းမျှော်မှန်းထားသလောက် မရရှိပေ။ (၂) မိမိ၏ အမျိုးသားအင်္ဂါသည် ပုံမှန်ထက်သေးငယ်သည်ဟုထင်မှတ်ခြင်း။ အရွယ်ရောက်ပြီး အမျိုးသားအများစု၏ အမြင်၌ မိမိလိင်တံသည် အရွယ်အစားစံချိန်မမီဟုထင်မြင်ကြသည်။ စစ်တမ်းများအရ အာရှနိုင်ငံသားအများစု ၏ လိင်တံမှာထောင်မတ်ချိန်၌ …

အမ်ိဳးသားက႑ September 14, 2018 ကွီးတို့ ညေးတို့ တိုးတိုးတိတ်တိတ် မေးနေတာတွေ

‘ကွီးတို့ ညေးတို့ တိုးတိုးတိတ်တိတ် မေးနေတာတွေ’   ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာသည်နှင့်အမျှ အသစ်အဆန်းများစွာကို ဖန်တီးလာနိုင်ကြသည်။ လူတို့အတွက်ကောင်းကျိုးပေးနိုင်သော တီထွင်မှုများရှိသလို အန္တရာယ်ပေးနိုင်သော နည်းလမ်းများလည်း ထွက်ပေါ်လာပါသည်။ အဆိုပါနည်းလမ်းများတွင် လိင်အင်္ဂါတွင်းသို့ ကိရိယာများ၊ ဓာတုပစ္စည်းများထည့်ပြီး ပျော်ရွှင်ကျေနပ်မှုကိုခံစားြခင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်လာပါသည်။ အမျိုးသားလိင်တံထဲသို့ ပစ္စည်းအမျိုးမျိုးထည့်သွင်းကြသည့်အနက် liquid paraffin အရည်၊ အဆီရည် (mineral oil) ၊ ဆီလီကွန်၊ ပလတ်စတစ် သို့မဟုတ် သတ္တုအချောင်းတို့ အသုံးများကြပါသည်။ ထိုသို့အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအကြောင်း ဖော်ပြပေးလိုပါသည်။

Load More